မှတ်ချက်။ နော်မန်လိုပက် (Norman Lopez, Extra Master, FRSA, FNI, FAIN,MICS, MCIT, M.MLAANZ, ACIArb, Principal Lecturer, Department of Nautical Studies, Hong Kong Polytechnic) ၏ Maritime Law Association of Australia and New Zealand Journal ပါ ‘The master role in charter performance’ ကို မြှီငမ်း ရေးသား ထားပါသည်။ ဂျာနယ်ထုတ် ခုနှစ် အထောက်အထား ရှာမတွေ့ ပါ။ ၁၉၉၁ တွင် ရေးထားသည်ဟု ထင်ရပါသည်။ ။Master ဟူသော အသုံးထက် Captain ဟူသည်က ပို၍ ထင်သာ မြင်သာ ရှိမည်ဟု ယူဆသဖြင့် Captain ဟု သုံးထားပါသည်။
--
ယနေ့ ခေတ် ရေကြောင်းကုန်သွယ်မှု လောကတွင် မည်သည့် ပုဂ္ဂိုလ်များက သင်္ဘောများအား အမှန်တကယ် မောင်းနှင် ပြေးဆွဲ နေကြပါသနည်း။ ထိုကိစ္စနှင့် ပက်သက်၍ ကမ်းနားနေ ရုံးထိုင် ဆရာများ အနေဖြင့် ကုန်ကျစရိတ် သက်သာရေး ကိုသာ ဦးစားပေးဖို့ ရှိ၏။ ရာထူး အမည် မည်သို့တပ်ထားသည် ဖြစ်ပါစေ၊ လုပ်ငန်းနှင့် စပ်လျဉ်းသော ဘွဲ့တံဆိပ် များစွာကို ဆွတ်ခူးထားသူ ဖြစ်ပါစေ ထိုသူတို့သည် သင်္ဘောကို နေ့စဉ် အမှန်တကယ် စီမံအုပ်ချုပ်နေကြသူများမူ မဟုတ်ကြပါ။ နေ့တဓူဝ လုပ်ငန်းဆောင်တာများ၊ အခက်အခဲများ အားလုံးကို လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းရသော အဓိက ဇာတ်ဆောင်များမှာ မာစတာ (Master) ခေါ် ကပ္ပတိန် (Captain) များသာလျှင် ဖြစ်ကြပါသည်။ (*1)
ယူနိုက်တက် ကင်းဒမ်း (United Kingdom) တွင် ၁၉၈၈ ကုန်သွယ်ရေကြောင်း ဥပဒေ စတင် သက်ရောက်ချိန် မှစ၍ သင်္ဘောမှတ်ပုံတင် (Certificate of Registry) ထဲ၌ ကပ္ပတိန် အမည် ထည့်သွင်းရန် လိုအပ်ချက် ပျက်ပြယ်သွား ခဲ့သည်။ ဤဥပဒေသည် အမှန်စင်စစ် ကပ္ပတိန် တစ်ဦး၏ လုပ်ပိုင်ခွင့် အခန်းကဏ္ဍ များအား မှေးမှိန်စေသော၊ ၎င်း၏ ခေါင်းတလားတွင် ထပ်မံ ရိုက်နှက်လိုက်သော သံချောင်း တစ်ချောင်း ဖြစ်သည်။ (အီတလီလူမျိုး မာကိုနီ၏ ရေဒီယို ဆက်သွယ်ရေး တီထွင်မှုကို ကပ္ပတိန်တို့၏ ခေါင်းတလားအတွက် ပထမဆုံးသော သံတစ်ချောင်းဟု ဆိုနိုင်ပါသည်။) သင်္ဘောနှင့် ဆိပ်ကမ်းရှိ ရုံးချုပ် တို့၏ ရေဒီယို ဆက်သွယ်ရေးကြောင့် သင်္ဘော ကပ္ပတိန်တို့၏ ထိန်းချုပ်မှု ကင်းသော အဆုံးမဲ့အာဏာ ကျဆုံးခန်း စတင်လာခဲ့သည်။ တဖန် နှစ်တစ်ရာမျှ အကြာတွင် ပေါ်လာသော GMDSS (*2) စံနစ်သည် ကပ္ပတိန်တို့၏ လုပ်ပိုင်ခွင့် အားလုံးကိုသာမက ကမ္ဘာတစ်လွားရှိ ဆက်သွယ်ရေးအရာရှိ (Radio Officers) များ အားလုံးကိုပါ သင်္ဘောပေါ်မှ အပြီးတိုင် ဆွဲချသွားခဲ့သည်။
၁) သင်္ဘောပိုင်ရှင် တို့၏ အကျိုးစီးပွား
တစ်ခေတ်တစ်ခါက ကပ္ပတိန် ဆိုသည်မှာ သင်္ဘောရှိ သက်ရှိသက်မဲ့ အားလုံးတို့၏ အမှန်တကယ် master (အရှင်သခင်) ဟုပင် ဆိုနိုင်သည်။ ဆိပ်ကမ်းရုံးချုပ် (Head office) နှင့် သင်္ဘော တို့၏ အကွာအဝေး အနေအထားကို ထည့်သွင်း စဉ်းစားမည်ဆိုလျှင် ယနေ့ ခေတ် ကပ္ပတိန်တို့၏ အခန်းကဏ္ဍသည်လည်း ထိုယခင်က အတိုင်းပင် ဖြစ်သင့် ပေသည်။ ဤသို့ ဆိုရာတွင် ဥပဒေမှ သတ်မှတ်ထားသော သင်္ဘောဝန်ထမ်း၊ သင်္ဘောနှင့် ကုန်စည် ဘေးကင်း လုံခြုံရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ရေး စသည့် များမြောင်လှသော ကပ္ပတိန်၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဆိုလိုရင်း မဟုတ်ဘဲ သင်္ဘောပိုင်ရှင်၏ စီးပွားရေးဆိုင်ရာ အရှုံးအမြတ်ကို အဆုံးအဖြတ် ပေးနိုင်သော ကပ္ပတိန်၏ လုပ်ပိုင်ခွင့် ကိုသာ ဆိုလိုရင်း ဖြစ်၏ ။
ရေကြောင်းဥပဒေများတွင် သင်္ဘောပိုင်ရှင်၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ကပ္ပတိန်၏ လုပ်ငန်းတာဝန် များကို တိုက်ရိုက် ပြဌာန်းထားခြင်း မရှိချေ။ ကပ္ပတိန်ဖြစ် စာမေးပွဲပါ ဘာသာရပ် “Business and Law” ၏ အစိတ်အပိုင်း တစ်ခုအနေဖြင့်သာ အနီးစပ်ဆုံး တွေ့နိုင်သည်။ ကပ္ပတိန်တစ်ဦး အနေဖြင့် ကုန်သည်ပွဲစား၊ သင်္ဘောပိုင်ရှင် အားလုံးတို့၏ အကျိုးစီးပွား အလို့ငှာ သင်္ဘောငှားရမ်း စာချုပ် (charterparties) များနှင့်အတူ ကမ္ဘာ့ နိုင်ငံအများစု၏ ရေကြောင်း အက်ဥပဒေ (shipping laws) များကိုပါ အတန်သင့် လေ့လာသိရှိထားရန် လိုအပ်သည်။ သို့ရာတွင် လက်တွေ့၌ သင်တန်းချိန်များ တိုတောင်းမှုနှင့် Business & Law ဘာသာရပ်၏ နက်နဲကျယ်ပြန့်မှုတို့ကြောင့် နှိုက်နှိုက်ချွတ်ချွတ် လေ့လာသိရှိရန် မဖြစ်နိုင်ပေ။
တဖက်တွင် ကုန်သည် ပွဲစား နှင့် သင်္ဘောပိုင်ရှင် အားလုံး၏ အကျိုးအမြတ်အတွက် အဓိကကျသော ငှားရမ်းစာချုပ်ပါ အချက်အလက်များကို ပြီးမြောက် အောင်မြင်စေမှု (performance of charter contractual obligations) သည် ကပ္ပတိန်တစ်ဦး၏ စွမ်းဆောင်ချက် အပေါ်တွင်သာ အဓိက မှီတည် နေသည်။ ၎င်းကိစ္စသည် လက်တွေ့တွင် ကပ္ပတိန်များအတွက် သေချာစွာ လေ့လာ သင်ကြားထားမှု နည်းပါးသော လုပ်ငန်း ဆောင်တာများကို (သက်ဆိုင်ရာ သင်္ဘောပိုင်ရှင်၊ ကုန်ပိုင်ရှင်၏ တိကျခိုင်လုံသော ညွှန်ကြားမှု မရှိသည့် အခြေအနေမျိုးတွင်) တာဝန်ယူရ သကဲ့သို့ ဖြစ်လာသည်။ စာချုပ်ပါ အချက်များအား ကပ္ပတိန်မှ သတင်းမရရှိခြင်း၊ နားမလည်ခြင်း၊ အယူမှားခြင်း၊ (အကြောင်းကြောင်းကြောင့်) မလိုက်နာခြင်း၊ ပျက်ကွက်ခြင်း စသည်တို့ ရှိလာခဲ့လျှင် သင်္ဘောငှားသူ ကုန်သည်၊ အာမခံကုမ္မဏီ နှင့် သင်္ဘော ပိုင်ရှင်တို့ အကြား အငြင်းပွားစရာ အလျော်အစား ပြဿနာများ ဖြစ်ပေါ်လာရ၏။ ဖြေရှင်းရန်အတွက်မူ တရား တဘောင် ရင်ဆိုင်ရန်မှ တစ်ပါး အခြားမရှိချေ။
စီးပွားရေး ကွင်းဆက်အရ သင်္ဘော ပိုင်ရှင်သည် မြတ်လို၍ စီးပွားရေးလုပ်သည်။ ကပ္ပတိန် အနေဖြင့် (ယခင် ခေတ်အခါ များကဲ့သို့ အခွင့်အာဏာ အပြည့် မရှိတော့သော်လည်း) သင်္ဘော ပိုင်ရှင်၏ ကိုယ်စား အမြတ် ရရှိအောင် တတ်စွမ်းသရွေ့ ကြိုးစားပေးရန် ဖြစ်သည်။ ယင်းကို ကပ္ပတိန်များ၏ အမှောင်ခေတ်သို့ ရောက်နေခြင်းဟု ဆိုနိုင်သည်။ (*3) အဘယ့်ကြောင့် ဆိုသော် ကပ္ပတိန်များသည် ဥပဒေအရ တာဝန်ယူထား ရသော ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ခြင်း၊ သင်္ဘောအား ဘေးကင်းလုံခြုံ စွာ မောင်းနှင်ခြင်း၊ ကုန်တင် ကုန်ချခြင်း စသည်တို့ အပြင် ဥပဒေတွင် မပါသော ကုန်သွယ်စာချုပ်၊ သင်္ဘောငှားရမ်း စာချုပ်များအရ လုပ်ငန်းတာဝန် များကိုပါ ရှေးကကဲ့သို့ သြဇာအာဏာ မရှိတော့သော်လည်း ရှေးခေတ်ကအတိုင်း ဆက်လက်တာဝန်ယူ ဆောင်ရွက် နေရခြင်းကြောင့် ဖြစ်သည်။
*1. ရာထူးအရ (master) မာစတာ ဟုခေါ်ပြီး လူအမည်တွင် ကပ္ပတိန်(captain) တပ်သော အလေ့ရှိ၏။ လူတို့တွင် မွေးစာရင်း၊ မှတ်ပုံတင်၊ နိုင်ငံသား စိစစ်ရေးကဒ် ရှိသကဲ့သို့ပင် သင်္ဘောတွင်လည်း certificate of registry ရှိသည်။ လူတွင် အဘနာမည် ထည့်ရေး သကဲ့သို့ ရှေးခေတ် သင်္ဘော မှတ်ပုံတင်များတွင် ကပ္ပတိန် နာမည် ထည့်ရေးရသည်။ ယခုခေတ်တွင်တော့ သင်္ဘောပိုင် ကုမ္ပဏီ၏ အမည်သာ ထည့်သွင်း ဖော်ပြရန် လိုအပ်သည်။
*2. GMDSS= global maritime distress and safety system (ကမ္ဘာလုံးဆိုင်ရာ ရေကြောင်း အရေးပေါ် ဆက်သွယ်ရေး စံနစ်) သည် ဂြိုဟ်တုများ၊ ရေဒီယို ကိရိယာများ၊ တည်နေရာပြ ကိရိယာများ၊ ကယ်ဆယ်ရေး ရေယာဉ်များ၊ လေယာဉ်များ၊ အခြေစိုက်စခန်းများ ပါဝင် ဖွဲ့စည်း ထားသော ခေတ်မီ ကယ်ဆယ်ရေး စံနစ် တစ်ခုဖြစ်သည်။ ထိုစံနစ် မပေါ်မီက ရုံးချုပ်နှင့် သင်္ဘော ဆက်သွယ်ရေး အတွက် လိုတိုရှင်း စံနစ်ဖြစ်သော morse code ကြေးနန်း ရေဒီယို ဆက်သွယ်ရေး စံနစ်ကိုသာ သုံးရခြင်း ဖြစ်ရာ ကပ္ပတိန်၏ သြဇာအနည်းငယ် ကျန်ရှိတုန်းဟု မူရင်း စာရေးသူမှ ဆိုလိုချင်ပုံ ရပါသည်။ ယနေ့ ခေတ်တွင်မူ သမုဒ္ဒရာ အလယ်မှပင် ဖုန်းဆက်၊ အီးမေးလ်ပို့၊ အင်တာနက် သုံး၍ ရသော သင်္ဘော အများအပြားပင် ရှိနေကြပြီ။
*3. မိမိသင်္ဘော အမျိုးအစား၊ အသက်အရွယ်၊ တည်ဆောက်ပုံ၊ ကြံခိုင်ရေး၊ရာသီဥတု အပေါ်မူတည်၍ သင့်တော်သော ကုန်ပစ္စည်းကို ရှာခွင့်၊ ပြောခွင့်၊ အကြံပေးခွင့် မရှိဟု ဆိုလိုချင်ပုံရ၏။ ဈေးကွက်အား ကပ္ပတိန်ထက် သင်္ဘောပိုင်ရှင်မှ ပိုသိ၏။ သင်္ဘောအားမူ ကပ္ပတိန်မှ သင်္ဘော ပိုင်ရှင်ထက် ပိုသိသည်။ သင်္ဘောပိုင်ရှင်မှ အမြတ်ထွက်ဖို့ ပိုမို လိုလား၏။ ပိုစွန့်စား၍ ပိုက်ဆံပိုရှာချင်၏။ အခြားတစ်ဖက်တွင် ကပ္ပတိန်သည် သင့်ရုံမြတ်လျှင် တော်ပြီဟု စဉ်းစားသည်။ မလိုအပ်ဘဲ မစွန့်စားချင်။ (ဝါ) သင်္ဘောပိုင်ရှင်များမှာ ပိုက်ဆံကို ရှေ့တန်းတင် အလုပ်လုပ်ကြပြီး သင်္ဘောကပ္ပတိန်များမှာမူ သူတို့ နာမည်မပျက်ဖို့ရာ၊ ဂုဏ်သိက္ခာကို ဦးစားပေးကာ အလုပ်လုပ်ကြလေသည်။
ဆက်ရန်
Home for Myanmar Merchant Mariners
This site is non-governmental and non-profitable website dedicated to all merchant-navy seafarers for maritime study, information and technology, job-seeking, sharing ebooks and other maritime related concerns.
Wednesday, November 30, 2011
Tuesday, November 8, 2011
Revised list of certs to be carried onboard ships
IMO has its line-up revised for the list of certificates and documents required to be carried on board ships. This meets the requirements for FAL formalities (documents for vessels' arrival, stay and departure) as well as for SOLAS, MARPOL, STCW and AFS (Anti-Fouling Systems).
IMO circular ref.number FAL.2/Circ.123 MEPC.1/Circ.769 MSC.1/Circ.1409 can be downloaded HERE!
ref.nepia
IMO circular ref.number FAL.2/Circ.123 MEPC.1/Circ.769 MSC.1/Circ.1409 can be downloaded HERE!
ref.nepia
Friday, July 22, 2011
Coefficients' Table for Magnetic Compass
Credit: Kyaw Swar Htet (Master Mariner)
Rows are arranged as -
1- Coefficient A
2- Coefficient B
3- Coefficient C
4- Coefficient D
5- Coefficient E.
Columns are arranged as -
1- Variation Type(Constant, semi-circular, quadrantal, etc.)
2- Caused By (Force P, Force Q, H.S.I, etc.)
3- Changes in Latitudes
4- How to find Errors
5- Correction Methods
6- Signs (Plus or Minus for different types of deviation)
To download the table in Microsoft Excel format, click here!
Sunday, July 17, 2011
ရေကြောင်းစာအုပ်စာတန်းများ- အပိုင်း ၃၂
Credit: ဒုတိယအရာရှိ စိုးညွန့်ဦး နှင့် တတိယ အရာရှိ (အလုပ်သင်) ကျော်မြတ်ထွန်း တို့အား အထူး ကျေးဇူး တင်ပါသည်။
(ပတ်ဝင်းကျင် ညစ်ညမ်းမှု ထိန်းသိမ်းရေး ပဋ္ဋိညာဉ် ၂၀၀၆ - အိုင်အမ်အို)
(သင်္ဘော ဘေးကင်းစွာ ရေပေါ်ပေါ်ရေး စံနှုန်း သတ်မှတ်ချက် ၂၀၀၈ - အိုင်အမ်အို)
(အသက်ကယ် ကိရိယာ စံနှုန်းများ ၂၀၁၀ - အိုင်အမ်အို)
(မီးဘေး ကာကွယ်ရေး စံနစ် စံနှုန်းများ ၂၀၀၇ - အိုင်အမ်အို)
** All publications herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. For other publications, pls go through publications.**

Saturday, July 16, 2011
လောင်ကျွမ်းသွားသော ပန်းချီကားချပ်များ အကြောင်း
အသစ် မရေးနိုင်သေးလို့ ရေးပြီးသားလေး ကုလားဖန် ပြန်ထိုး ပါတယ်။ ပုံများကို click လုပ်၍ အကြီးချဲ့ပြီး ကြည့်နိုင် ပါတယ်။
Brgds/sirius
လောင်ကျွမ်းသွားသော ပန်းချီကားချပ်များ အကြောင်း was first published at www.pondaungvalley.com on 30-Jan-2011 and copyrighted under terms and conditions of that site.
“သဗ္ဗေသတ္တာ…” အဲ ဟုတ်ပါဘူး… “ကိုယ်ဖြစ် ကိုယ်ခံ”
sirius
****
အဲဒီလိုမျိုးပဲ ဘယ်လိုနည်းနဲ့မှ မုန်တိုင်း ဖြစ်မလာနိုင်ဘူး ဆိုတဲ့ တောင် အတ္တလန်တိတ် သမုဒ္ဒရာ ထဲမှာလည်း ၂၀၀၄ ခုနှစ်က ဟာရီကိန်း တစ်လုံး တိုက်ခဲ့တာပဲ။ ကျွန်တော်တို့ စာထဲမှာ သင်ထားကြ ရတာက မုန်တိုင်းဆိုတာ အီကွေတာ နဲ့ နီးတဲ့ လတ္တီတွဒ် အနိမ့်ပိုင်း မှာပဲ အစပြုတာတဲ့။ အခု အချိန်မှာတော့ စချင်တဲ့နေရာက စလို့၊ သွားချင်သလို သွားပြီး ဘယ်လိုမှ ခန့်မှန်းလို့ မရတော့ဘူး။ သီအိုရီတွေ ပြင်ရတော့မယ် အချိန် ကိုရောက်နေပြီလို့ပဲ ပြောရ တော့မယ်။ ကမ္ဘာ့မိုးလေဝသနဲ့ ရာသီဥတု အကြောင်း ပြန်လည် ပြင်ဆင် ရေးသား ထားတဲ့ စာအုပ်စာတမ်း အသစ်တွေပါ လိုလာပြီ ဆိုပါတော့။
မိုးမရွာရမယ့် နေရာတွေက မိုးအရမ်းရွာနေလို့ ရေကြီးတာတွေ (၂၀၀၅ ခုနှစ် ဘုံဘေ (မွန်ဘိုင်း) မှာ စံချိန်တင် မိုးရေချိန် ၃၇ လက်မ ရှိတဲ့ မိုးကြီးရွာလို့ လူ ၁၀၀၀ လောက် အသက်ဆုံးခဲ့ရတာတွေ)၊ တရုတ်ပြည်မှာ မကြာမကြာ ရေကြီးနေတာတွေ၊ မိုးရွာရမယ့် နေရာက မရွာတော့ မိုးခေါင်ရေရှား ဖြစ်တာတွေ (အထင်ရှားဆုံးက ၁၉၅၀-လောက်မှာ ကမ္ဘာ့အကြီးဆုံး ရေကန်တွေထဲ တစ်ခု အပါအဝင် ဖြစ်ခဲ့တဲ့ အာဖရိကတိုက်က ချက်ရေကန် (Lake Chad) ကြီးဟာ အခုအချိန်မှာ လုံးဝ ရေမရှိတော့ဘဲ ချိုင့်ဝှမ်းကြီး ဖြစ်သွားတာမျိုး၊ အင်းလေးကန်ကြီး ရေ ခန်းလာတာမျိုးတွေ လည်း အရမ်းများ လာပါတယ်။ ဆွစ်ဇာလန်က အာမခံကုမ္ပဏီတွေရဲ့ မှတ်တမ်းပုံ (၁၉၇၀-၂၀၀၀) ပုံ-၃ (ဘယ်) ကို ကြည့်လိုက် ပါဦး။ ထောင်လိုက် ဝင်ရိုးက မုန်တိုင်းနဲ့ ရေလျှံတဲ့ အကြိမ် အရေအတွက် ပါတဲ့။ နောက်တစ်ပုံ ပုံ-၃ (ညာ) ကတော့ ဥရောပတိုက် ရေလျှံမှတ်တမ်း ၁၉၅၀-၂၀၀၀ ဆိုပါတော့။ သဘာဝဘေး ဒုက္ခတွေဟာ ဒီ ဆယ်စုနှစ် နှစ်ခု အတွင်းမှာ သိသိသာသာ တိုးလာတာ အထင်အရှားပါပဲ။
ဒါနဲ့ ကျွန်တော် ငယ်ငယ်က စမ်းချောင်း ဘက်မှာ ဒုတိယထပ်က တိုက်ခန်းတစ်ခုမှာ နေခဲ့ဖူးတယ်ဗျ။ အဲဒီအိမ်တုန်းက ခြင်လုံ ဇကာမရှိသလို ခြင်ထောင် ထောင်စရာလည်း မလိုခဲ့ဘူး။ အခု ဆယ်နှစ် အကြာ ဒီလမ်း၊ ဒီမြို့နယ်၊ ဒီနေရာမှာပဲ ငါးထပ်မှာ တက်နေပါတယ်။ ခြင်လုံစ ကာ မတပ်လို့ မရအောင်ကို ခြင်အလွန် တွယ်လို့ တော်တော်စိတ်ညစ်ရတယ်။ ဒါဟာ အပူချိန် မြင့်တက်လာတော့ ပိုးမွှားတွေ အမြင့်ကို ပိုပြီး တက်နိုင်လာတဲ့သဘောပါ။ အီဘိုလာ (Ebola)၊ အေရီနာ (Arena)၊ ဟန်တာ (Hanta)၊ ဆားစ် (SARS) စတဲ့ အမျိုးပေါင်း ၃၀ ကျော်သော ဗိုင်းရပ်စ်အသစ် အသစ်တွေ ဒီအနှစ် ၃၀ လောက် အတွင်း ပေါ်လာတာ ဟာလည်း တိုက်ဆိုင်မှု မဟုတ်ဘူးနော။
လောလောဆယ်မှာ မြောက်ဝင်ရိုးစွန်းက ရေခဲပြင်တွေဟာ အလွန်မြန်တဲ့နှုန်းနဲ့ အရည်ပျော်ကျ နေပါသတဲ့။ အမေရိကန် ရေငုပ် သင်္ဘောများရဲ့ မှတ်တမ်းတွေအရ ဒီနှုန်းနဲ့သာ ဆက်သွားခဲ့ရင် နောင်အနှစ် ငါးဆယ် အတွင်းမှာ လုံးဝ အရည်ပျော်သွားပါမယ်တဲ့။ အကျိုးဆက် အဖြစ်နဲ့ လွန်ခဲ့တဲ့ ရေခဲခေတ် (သက်ရှိ သတ္တဝါ ရယ်လို့ စပြီးဖြစ်လာတဲ့အချိန် ဆိုပါတော့ ခင်ဗျာ) ကစလို့ ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ကိစ္စတွေ ဖြစ်လာ ပါလိမ့်မယ်။ တိုနီဘလဲ (ဗြိတိသျှဝန်ကြီးချုပ်) ရဲ့ သိပ္ပံရေးရာ အကြံပေး အရာရှိက ပြောတာကတော့ “ဂရင်းလန်ကျွန်း အရည်ပျော် သွားရင်တော့ဗျာ ကမ္ဘာ့မြေပုံကို ပြင်ဆွဲကြဖို့ပဲ ရှိတော့တယ်တဲ့”။ ရေလျှံနေတဲ့ ရှန်ဟိုင်း ဧရိယာမှာ လူဦးရေသန်း ၄၀ လောက်၊ ကာလက္ကတ္တား ဧရိယာက သန်း ၆၀ လောက် လက်ရှိ နေနေ ကြတယ်။ နယူးရော့ခ်မှာဆိုရင် မန်ဟတ်တန် (Manhattan) ဧရိယာ တစ်ခု လုံး ရေအောက် ရောက်သွားပြီး ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာက ကျွန်းလေးတွေ ပျောက်သွား ပါလိမ့်မယ်။ (အခုတောင်မှ ရေမြုပ်သွားတဲ့ တချို့ကျွန်းတွေက ကျွန်းသားတွေကို နယူးဇီလန်မှာ ကယ်ထား ရတာပဲ) ပင်လယ်ရေ တက်လာနိုင်တဲ့ အမြင့်က အနည်းဆုံး ပေ ၂၀ လောက် ဆိုတော့ မြန်မာပြည် အတွက် ဆိုရင် ရန်ကုန်နဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကြီး တစ်ခုလုံးလည်း မလွတ်နိုင် ပါဘူး။
ကဲ.. ဒီတော့ ကျွန်တော်တို့ (၇) ဘီလျံသော ကမ္ဘာသူ၊ ကမ္ဘာသားများ ဘာတွေ လုပ်ကြပါမလဲ။ ကျွန်တော်တို့ ကလေးတွေ၊ သားသမီး မြေးမြစ်တွေအတွက် ပျက်စီးနေတဲ့ သုံးမရတဲ့ ကမ္ဘာကြီး ထားခဲ့ကြမှာလား။ ဘာတဲ့ ကြားနေကျ စကား ..ဘယ်သူတေတေ ငတေမာရင် ပြီးရော သဘောထား ကြမှာလား။ အဖြေကော ရှိပါသေး ရဲ့လား။ “နည်းလမ်းလည်း ရှိပါတယ်.. အချိန်လည်း မီပါ သေးတယ်… တကယ် လုပ်ကြဖို့သာ လိုနေတာပါ” လို့ ဆိုရမှာပါ။
ဖန်လုံအိမ်အာနိသင်လျော့အောင်၊ လုံးဝပျောက်သွားအောင် ဆိုတာ ကာဗွန်ထုတ်လွတ်နေမှု (CO2 Emission) ကို လျှော့ချဖို့ ပါပဲ။ ကာဗွန် ထုတ်လွှတ် နေမှု ကျသွားရင် အနီ အောက် ရောင်ခြည်တွေ ကမ္ဘာ့လေထု ထဲမှာ ပိတ်မိ နေတာမျိုး လျော့နည်း သွားမယ်။ အပူလျော့ လာလေလေ ရေခဲပြင်တွေ ပြန်လည် အေးခဲ လာလေလေ ဖြစ်တဲ့အတွက် ကမ္ဘာကြီးရဲ့ နေရောင်ခြည် ကို ရောင်ပြန် တွန်းကန် နိုင်တဲ့အား ပိုကောင်း လာပါလိမ့် မယ်။ နောက်တစ်ခုက သစ်တော ပြုန်းတီးတာတွေ နည်းနိုင်သမျှ နည်းအောင် လုပ်ဖို့ပါ။ သစ်ပင် များလေ လေထုထဲက ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့ ပါဝင်မှု နည်းလေ ပါပဲ။
ပုံ-၄ မှာ ကာဗွန် ထုတ်လွှတ် နေမှု လျှော့ချရမယ့် နည်းလမ်း များကို တွေ့နိုင်ပါတယ်။ ဗဟုသုတ အနေနဲ့ ထည့်ထား တာပါ။ အဖွဲ့အစည်းများ၊ အစိုးရမင်းများ၊ စီးပွားရေး လူမှုရေး မူဝါဒရေးရာ တာဝန်ရှိသူများ၊ ကုန်ထုတ် လုပ်ငန်း များနဲ့သာ ပိုသက်ဆိုင် ပါလိမ့်မယ်။ လက်တွေ့ကျကျ ကမ္ဘာကြီးကို ပြန် ကျန်းမာရေး ကောင်းအောင် ကူညီနိုင်တဲ့ နည်းတွေ ကတော့ အောက်မှာ ရေးထားတယ်။ ကွင်းစကွင်းပိတ် ထဲက စာတွေကတော့ ကျွန်တော့် အိမ်က ညီတော်မောင်ရဲ့ မှတ်ချက်တွေပေါ့။
စွမ်းအင်ကို ချွေတာသုံးပါ။ (ဂွတ်ဒ်… မလိုအပ်ဘဲ အလုပ်လုပ်ဖို့ မကြိုးစားပါနဲ့)။ မလိုအပ်ဘဲ လျှပ်စစ်မီး မသုံးပါနဲ့ (ဖယောင်းတိုင် သုံးနေကျ ကိုယ်တွေကတော့ အတော်ပဲ)။ လမ်းလျှောက်၊ စက်ဘီးစီး သွားလို့ရရင် ကားမသုံးပါနဲ့ (ကားမှ မရှိတာဗျ။ ဒါလဲ ပြဿနာ မရှိလောက်ဘူးရယ်)။ ဖြစ်နိုင်ရင် ရထားတွေ၊ ဘတ်စ် တွေကို စီးပါ (ဘယ်လို ပြောရမလဲ ပေါ့နော်… ကံကောင်းရင် ဇာတ်လမ်း ကလေး များတောင် ဖြစ်သွားနိုင် ပါ၏)။ တတ်နိုင်သလောက် အဲယားကွန်း အသုံးလျှော့ပါ (အာ.. လာနောက်နေတယ်)။ ဖြစ်နိုင်ရင် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေတဲ့ အမျိုးအစား ရွေးသုံးပါ (ယပ်တောင်သုံးတယ်၊ ပဲကြီးလှော် မကြိုက်ဘူး..)။ တခါသုံး ဓါတ်ခဲတွေ ဘက်ထရီတွေ အစား ပြန်အားသွင်းလို့ ရတာတွေ သုံးပါ။ (အင်… မိန်းမမြန်မြန်ယူဖို့ ပြောတာလား? တရုတ်ပြည်က လာတာတွေက တူတူပဲလေ၊ တစ်ခါသုံးလည်း ဒါပဲ၊ ရီချားချေးဘဲလည်း ဒါပဲကို)။ သစ်ပင်များများ စိုက်ပါ။ (စိုက်တယ် စိုက်တယ် အိမ်ရှေ့ ဝရန်တာမှာ အများကြီးပဲ၊ ဟိုနေ့ကပဲ ကြက်သွန်မြိတ် စားချင်လို့ ကြက်သွန်ဥ တစ်လုံးတောင် ပန်းအိုးထဲ ထိုးထည့် ထားသေး)။ တတ်နိုင်ရင် ဆီအသုံးနည်းတဲ့ နည်းပညာမြင့် လျှပ်စစ်ဘက်ထရီကား (Hybrid Car) စီးပါ။ (အဲဒါတော့ မပူနဲ့။ တို့နိုင်ငံမှာက Hybrid Car တွေချည်းပဲရယ်) မိဘများနဲ့ တိုင်ပင်ဆွေးနွေးပါ။ (“ကျွန်တော် တို့ကို သနားပါဦးဗျာ” တို့ “သရက်ပင်စိုက်တဲ့ အဘိုးကို အားကျစမ်းပါ” တို့လား၊ “နင်အပြင် မထွက်ရင် ပတ်ဝန်းကျင် ညစ်ညမ်းမှု တော်တော်သက်သာမယ်” ဆိုပြီး ကိုယ့်အမှု ကိုယ့် ပြန်ပတ်နေဦးမယ်)။ ။
မှတ်ချက်။ ။ လွှတ်တော် အမတ်မင်း အယ်လ်ဂိုးလ် (Congress Man Al Gore) ဧ။် Inconvenient Truth (2006) ရုပ်ရှင်ကားကို မှီးငြမ်းရေးသား ပါသည်။ အချက်အလက်၊ ဓါတ်ပုံ၊ ဇယားများအားလုံး သည်လည်း ထိုရုပ်ရှင်ထဲမှ ဖြစ်ပါသည်။ (All the pictures and tables in this article were captured from the movie “Inconvenient Truth-2006” and are used for educational purpose.)
အားလုံးပဲ အဆင်ပြေကြပါစေ။ ။
sirius
add: picture credit: pondaung valley
Brgds/sirius
လောင်ကျွမ်းသွားသော ပန်းချီကားချပ်များ အကြောင်း was first published at www.pondaungvalley.com on 30-Jan-2011 and copyrighted under terms and conditions of that site.
စကားချပ်။ ။ တစ်နေ့သ၌ ကံမကောင်း အကြောင်းမလှ၍ ဆိုက်ဘေးရီးယားတွင် သောင်တင်နေသော အလုပ်မရှိအကိုင်မရှိ ကျွန်ုပ်သည် ရုရှားဆောင်းဒဏ်ကို အန်တုရင်း စောင်ခြုံထဲတွင် ပုစွန်တုပ်ကွေးကွေးကာ ချွင်းဂမ်းလေးကို စားမြုံ ပြန်လျှက် လောကစည်းစိမ်၌ သာယာ၍ နေလေသည်။ ထိုမှတဖန် စိတ်ကူးရသည်နှင့် ကားဘီးတမျှ ကြီးမားလှသော နာမည်ကြီး ရုရှားကင်းခရပ် (King Crab) တစ်ကောင်ကို ချက်ပြုတ်ကာ အဖန်ရည် ပူပူကလေးဖြင့် လွေးရင်း ရုရှနှင့် တရုတ်လူမျိုးနှစ်ဦး စပ်ကာ ပေါက်ဖွားလာသော ကပြား ကလေးငယ် များကို “တရှ” ဟုခေါ်မည်လော၊ “ရုရုတ်” ဟု ခေါ်မည်လော စသဖြင့် လောက အကျိုး ကောင်းနိုးရာရာ များကို တောင်တောင်အီအီ တွေးမိပြန်၏။ ဤသို့ ဤပုံ လောကကြီး၏ ဆန်းကြယ်ပုံကို လေးနက်စွာ စဉ်းစားခန်းဝင်ရင်း ပျင်းသလို ဖြစ်လာ ပြန်လေ သောကြောင့် မိတ်ဆွေ တစ်ယောက်ကို အနိုင်ကျင့်၍ (မသိအောင်) ငှားလာသော တွေ့ရာ ရုပ်ရှင်ကား တစ်ကားကို ဖွင့်ကြည့် လိုက်မိ၏။
ကျွန်ုပ်ကြိုက်တတ်သော ရုပ်ရှင်ကားမျိုး (အက်ရှင်ဇာတ်ကြမ်း) ထင်၍ ဖွင့်ကြည့်လိုက်ခြင်း ဖြစ်သော်လည်း မြင်ကွင်းကျယ် ဖန်သားပြင်တွင် ပေါ်လာသည်ကား အရပ်ကလန့်ကလားဖြင့် ဝတ်စုံပြည့် ဝတ်ထားသော နဖူးပေါ်တွင် အမောက် ကလေး ထောင်ထောင် ထောင်ထောင်ဖြင့် ပုဂ္ဂိုလ် ဖြစ်နေသည်။ ဒီပုံပျက်ပန်းပျက် မျက်နှာမျိုးကို မြင်ဖူးပါတယ်ဟု တွေးရင်း ကျွန်ုပ်ဧ။် မှတ်ဥာဏ်ကို အလုပ်ပေးနေခိုက် အနှီလူသားမှ “ကျွန်တော်ကတော့ ကိုကိုအယ်လ်ဂိုး ဖြစ်ပါတယ်”ဟု အသံ ဗြဲကြီးဖြင့် အော် လိုက်မှ အော်…ဒီအကောင် ကတော့ဖြင့် သမ္မတ မကျက်တကျက် အကောင်ပေပဲဟု မှတ်မိလိုက်တော့၏။ ဤ သကောင့်သားကား ဝတ်စုံပြည့်ဖြင့် ဟန်ရေးတပြပြရှိနေရာမှ တဖန် မိန့်ခွန်းရေးဆရာများ ဖြတ်ညှပ်ကပ် ထားသည့် အတိုအစများကို လူကြား ကောင်းအောင် ဖတ်ရင်း စင်ပေါ်တွင် ဟိုဘ က်ထိပ်၊ ဒီဘ က်ထိပ် ပြေးလျက် အလုပ်များလျှက် ရှိနေပြန်သည်။ ကျွန်ုပ်၏ အောင်မြင် ကျော်ကြားလှသော လစ်ဆင်းနင်း စကေးကို အားကိုး၍ နားထောင်နေရင်း အခြေအနေမဟန်တော့မှ ဘာသာပြန် ဆပ်တိုက်တယ် (subtitle) ကို ဖွင့်လိုက်ရ၏။ ထိုအခါကျမှသာ “ဒီငနဲက အာဖျံကွီးတာ ကောင်းဆို ဟိုဖြတ်ဒီညှပ် လုပ်ထားတဲ့ အချက်အလက် များကတော့ စုံလင်ပေတာကိုး” ဟု သဘောပေါက် မိလာတော့၏။
“အနုပညာသည် အနုပညာအတွက်၊” “အနုပညာသည် ပြည်သူအတွက်၊” စသော အူကြောင်ကွက်ကြား အယူအဆများကို လက်မခံဘဲ “အနုပညာသည် ကိုယ်လုပ်ချင်ရာ လုပ်ခြင်း ဖြစ်သည်” ဟူသော လက်တွေ့ကျကျ မွန်မြတ်သည့် စိတ်အခံလေးမှ နှိုးဆော်သည့်အပြင် ဗမာ့ဗီဇသွေးကလည်း အလိုအလျောက် နိုးကြားလာသည် ဖြစ်ရာ မည်သူမျှ ကူးမချခင် ငါးပိသံလေး နည်းနည်းစွက်ကာ ခပ်တည်တည် ဖြီး၍ ကိုယ်ပိုင်ရေးပုံစံမျိုး လုပ်ရသော် ကောင်းလေစွဟု သဘောပိုက်မိသည့် အတိုင်း ကလောင်သွားကို ချက်ချင်းပင် ကိုင်မိ လေတော့သည်။ ကျွန်ုပ်၏ စာဖတ်ပရိသတ်ကြီး ဖတ်၍ အဆင်ပြေရန် အလို့ငှာ ကိုယ်ပိုင် ပဲပင်ပေါက် လက်ရေးဖြင့် မရေးဘဲ ကွန်ပျူတာဖြင့် ဖွန့်ဆိုဒ်ကြီးကြီး တိုက်ပင် ရိုက်၍ လည်းကောင်း၊ အသက်အရွယ်မရွေး ဖတ်၍ အဆင်ပြေစေရန် အလို့ငှာ လေးတန်း ကျောင်းသား တူကလေး တစ်ယောက်၏ စာစီစာကုံး ရေးပုံကို မှီး၍ လည်းကောင်း ပြင်ဆင်ပြီး သကာလ မည်သို့ပင် လည်ပင်း ညှစ်စေကာမူ စာမူခများကို စီးပွားဖြစ်သော အချိန်တွင်မှသာ အရစ်ကျ စနစ်ဖြင့် ပေးပါမည် ဟူသည့် တိုက်ပိုင်၏ နောက်သလို ပြောင်သလို တဟီးဟီးဖြင့်ပြောသည့် နှုတ်ကတိကိုပင် အတည်ယူ သဘောတူ ရကာ “လောင်ကျွမ်းသွားသော ပန်းချီကားချပ်များ အကြောင်း” ကို ပုံတောင် စာပေမှပင် စီစဉ် တင်ဆက် လိုက်ပါ၏။
“သဗ္ဗေသတ္တာ…” အဲ ဟုတ်ပါဘူး… “ကိုယ်ဖြစ် ကိုယ်ခံ”
sirius
****
ပန်းဆီလွှမ်းတဲ့ သတို့သမီး ဧရာဝတီရဲ့ သွယ်နွဲ့နွဲ့အဆင်းနဲ့အတူ အနီဖျော့ဖျော့၊အသွေးလျော့လျော့ နေရီရီ ညနေခင်းဟာ လွမ်းစရာ ကောင်းနေသလိုပါပဲ။ နေရည်ဆမ်းလို့ လက်လက် မြနေတဲ့ မြစ်ရေပြင်မှာ မိုးပြေးတစ်ပြိုက် တက်သုက် ရှိုက်သွားရဲ့။ သိပ် မကြာပါဘူး လေဖြူးဖြူး ကလေးကိုပါ အဖော်ခေါ်လို့ သကာရည် ဆမ်းလိုက်တယ်။ တောပန်းရနံ့လှိုင်လှိုင်မှာ မြေ နံ့သင်းချိုချို စွက်လာတယ်။ ဥသြ ငှက်လေးက ဆွေးဆွေး မြည့်မြည့် တွန်သံပေးတယ်။ ပုရစ်လေးတွေ ပုစဉ်းလေးတွေကို အဖော်ပြုလို့ လွမ်းတေးများ သီမလို့လား ငှက်ကလေးရေ။ စာငယ်လေး တွေကတော့ ကျွက်ကျွ က်ညံအောင် မြည်ကြွေးလို့ ဥသြလေးကို အားပေးကြပါရဲ့။ သစ်ရွက်ငယ်လေး တွေကတော့ လေ ပြည်တချက်အသော့မှာ အပူအပင်မရှိ ခုန်ပေါက် မြူးတူးနေကြလို့။ စေတီဖြူ လွလွပေါ်က ဆည်းလည်းပျိုလေး တွေကလည်း အူလှိုက်သည်းလှိုက် ရယ်မောနေကြရဲ့။
ဒီလိုမျိုး နေခြည်ဖျော့ဖျော့၊ မိုးမညို့တညို့ တန်ဆာဆင်ထားတဲ့ သြကာသ လောကကြီးရဲ့ ကြည်နူး ဆွတ်ပျံ့ဖွယ် သဘာဝ အလှတရားတွေအားလုံးကို ကြည့်နေရင်း ကြည့်နေရင်းပါပဲ.. ရုတ်တရက် အသံတွေ တိတ်သွားတယ်။ ကောင်းကင်ပြင်ကြီးက ပန်းဆီရောင်ကနေ အနီရင့်ရင့်ဖက်ကို တဖြည်းဖြည်း ကူးလာနေတယ်။ သစ်ရွက်စိမ်းတွေဟာ ချက်ချင်း လက်ငင်း ရော်၊ ရော်ရာကဝါ၊ ဝါရာကကြွေကုန်ကြတယ်။ ပင်စည်စိမ်းစို သစ်ပင်ပျိုတို့လည်း ဝါရွှေလာရာကနေ၊ ညိုမောင်းမောင်း၊ ဒီနောက် မည်းညစ်ညစ် ပုံပြောင်းလို့ တွန့်လိမ် ကောက်ကွေး ကုန်ကြတယ်။ မကြာပါဘူး။ လေနီကြမ်းက မာန်ဟုန်ပြင်းပြင်းနဲ့ မွှေ့လို့ အားလုံးကို တွန်းလှဲပစ်လိုက်တယ်။ ဆည်းလည်းလေးတွေလည်း ပူလွန်းလို့အော်ကြတယ်။ မြစ်မင်း ဧရာဝတီဆီက တွယ်ရာမဲ့ သဲမှုန် တွေဟာ လေနီကြမ်းနဲ့ ဆောင်ရာဝေ့လို့ လောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွား တော့တယ်။ သူ့နောက်က လိုက်လာ တာတော့ မီးတွေ၊ မီးတွေ၊ အင်မတန်ပူတဲ့ မီးတွေ……။
အေးဗျာ။ တတ်နိုင်ရင်တော့ အပေါ်က အတိုင်းလေးပဲ တစ်ပုဒ်လုံးကို ရေးလိုက်ချင်တာ ပါပဲ။ မင်းသားက အိပ်ရာက လန့်နိုးလာ၊ ဟိုဟိုဒီဒီ စဉ်းစားနေ၊ အဲဒီအချိန် မင်းသမီးကပါ နိုးလာ “မောင်.. အိပ်မက်ဆိုးတွေ မက်နေလား…” စသဖြင့်ပေါ့လေ။ အဲဒီအတိုင်း ရေးမယ်ဆိုလည်း တစ်နာရီလောက် ရေးမှ တစ်ပိုဒ်လောက်ပဲ ထွက်တာက ခက်သဗျ။ အဲဒီလောက်လည်း အချိန်က မပိုဘူးရယ်။ ဦးနှောက်ကလည်း ဘယ်လိုမှ သုံးစားလို့ မရတော့ဘူး … အင်း.. တတ်နိုင်ပါဘူးလေ။ ကိုယ် ရေးတတ်သလိုပဲ ရေးတော့မယ်။ စာတစ်ပုဒ်ဖြစ် ပြီးရောပဲ။
တကယ်ဆို ပထမဆုံး တစ်ပိုဒ်က “ပြည်”မှာ လေး၊ငါးလလောက် နေတုန်းက ကျွန်တော် တကယ် ကြုံတွေ့ခဲ့ရတာကို ရေးထားတာပါ။ အဲဒီတုန်းက သူငယ်ချင်းတွေစုပြီး ပြည်တစ်ဖက်ကမ်း ဆင်တဲ နားကရွှေဘုံသာမုနိကို စက်ဘီးများနဲ့ တောတွင်းစွန့်စားခန်း ထွက်ခဲ့ကြတာ ကိုးဗျ။ မှတ်မှတ်ရရ ဆယ်တန်း အောင်စာရင်းတွေ စောင့်နေတဲ့ အချိန်ပေါ့။ ရွှေဘုံသာမုနိကို လူတွေစလို့ သိခါစဆိုတော့ ကားလမ်းတောင် ဖောက်နေတုန်းပဲ ရှိသေးတယ်။ ဘုရားပတ်ဝန်းကျင်က တောတောင်ရေမြေ အားလုံးဟာ သဘာဝ အတိုင်း ရှိနေတုန်းပဲရယ်လို့ ဆိုရမယ်။ ဆင်တဲက စက်ရုံတွေနဲ့ နည်းနည်း နီးပေမယ့် ရွှေဘုံသာ မုနိကို သွားတဲ့လမ်းတစ်လျှောက်က လူသွားလူလာသိပ်မရှိတော့ တော်တော့်ကို သာယာတယ်။ အလောင်းတော် ကဿပကို အခေါက်ခေါက် အခါခါ သွားခဲ့တိုင်းလည်း အဲဒီလို ခံစားချက်မျိုး ခံစားရတာပဲ။ ဘာကိုမှ မတွေးချင် တော့ဘဲ၊ ဘယ်သူနဲ့မှ စကားမပြောချင်တော့ဘဲ တိတ်ဆိတ်တဲ့ အေးစက်တဲ့ ဆိတ်ငြိမ်တဲ့အရသာကို သာယာရင်း၊ ခံစားရင်း၊ ကြည်နူးရင်း၊ ငါအသိနောက်ကျ လေခြင်းလို့ နောင်တရရင်း၊ သက်ပြင်းတွေ အခါခါ ချရင်း ပီတိဝေဖြာ ပြီးတော့ အီးအီးတွေပါ ..အဲ.. အဲ.. ဖြစ်နေတာ မျိုးလေ။ ကြုံဖူးကြ လားတော့ မသိဘူး ခင်ဗျ။ ထားတော့။
သဘာဝ တရားကြီးက အင်မတန်မှ ချစ်ဖို့ကောင်းတယ်လို့ ပြောချင်တာ လိုရင်းပါ။ အားလုံးကို ပြီးပြည့် စုံအောင် လုပ်ပေးထား တယ်ဗျာ။ ဂေဟစနစ် (Ecosystem) ကိုပဲ ကြည့်လေ။ သတ္တဝါတွေ၊ သစ်ပင်တွေ အပြန်အလှန် အဆင်ပြေအောင် အသက်ရှင်နေနိုင်အောင် ရေ၊ လေ၊ မြေ၊ မီး၊ အပူနဲ့ ဓါတ်ငွေ့ လဲလှယ်မှု စနစ် (Heat/Gas Exchange System)၊ အစာကွင်းဆက် (Food Chain) စသဖြင့် ဘာမှ မလိုအပ်အောင်ကို ဖန်တီး ထားတယ်။ ထာဝရ ဘုရားသခင် (God) ကပဲလုပ်လုပ်၊ အိုလံပီယန် (Olympians) တွေပဲ လုပ်လုပ်ပါ ဒီပုဂ္ဂိုလ်တွေဟာ လူတော်တွေ ခင်ဗျ။ တော်တာမှ လွှတ်ကိုတော်၏ အလွန့် အလွန်တော်၏ လို့ ပြောရမယ်။
တကယ် ခက်နေတာ ကတော့ ကိုယ့်လူတို့ပဲ။ သဘာဝတရားကြီးက လိုလေ သေးမရှိ ထားထား တာတောင် ခင်ဗျားတို့၊ ကျွန်တော်တို့ တတွေက တော်တော် လွန်ကြတဲ့ အမျိုးဗျ။ ရလေလိုလေ အိုတစ္ဆေ ဖြစ်နေ ကြတယ်။ တောင်ကျစမ်းရေကမှ သောက်လို့ကောင်းသတဲ့။ စတာဂျန်ငါးဥကမှ စားကောင်းသတဲ့။ အမေရိကန် ဆန်ကမှ အစိရှည်သတဲ့။ မြစ်သားကြက်သွန်ကမှ အနှစ်ပိုထွက်သတဲ့။ ယိုးဒယား ဒူးရင်းကမှ အစိ သေးသတဲ့။ အမယ်..ရှိသေး ဒို့ကတော့ မွေးမြူရေးဆို မစားဘူး… ဗမာကြက်မှ စားတာ ဆိုပဲ။ ပြီးတော့လည်း ဒီအိမ်သာထဲပဲ သွားတဲ့ဟာကို များဗျာ။ အရိုးမရှိတဲ့ ကောင်တွေ အတော် ဆိုး သဗျ။ နောင်များဆို ကိုမင်းအိမ်စံတို့အိမ် လမ်းကြုံလို့ သွား လည်ရင် ကလေး တွဲလောင်းနဲ့ သူ့မဟေသီက ကို ရေသရဲရေ.. ဟာဝိုင်အီက လာတဲ့ အောက်စီဂျင် ဘူးလေး ရှုလိုက်ပါဦးဆိုပြီး ဧည့်ခံချင် ဧည့်ခံနေမှာ.. အဟဲ။
လူသားတွေများ လိုဘတွေ ကြီးကြလို့ တစ်ဖက်ကနေ လုပ်သင့် လုပ်ထိုက်တာ လေးတွေ ပြန်လုပ် ပေးကြ သလား ဆိုပြန် တော့လည်း မလုပ်ကြ ပေါင်ဗျာ။ ဒီလိုမျိုး ရူးချင်ယောင် ဆောင်နေကြတဲ့ အထဲမှာ သူကြွယ်ကြီးတွေ၊ ပညာရှင်တွေ၊ နိုင်ငံ ခေါင်းဆောင် တွေဆိုတာ ရှေ့ဆုံးကပဲ (ကိုယ် ကိုယ်တိုင်က ဘယ်ထဲမှာမှ မပါတော့ သိမ်းကျုံးပြောရတာ အရသာ ရှိလိုက်တာ)။ သိပ်တော့ မထူးလှပါဘူး။ လူသားတွေ အားလုံး လိုလိုပါပဲ … သဘာဝ တရားကြီးက နိမိတ်ပုံတွေ ပြလာကိုတာ တောင်မှ သူ့ထက်ငါ အပြိုင်အဆိုင် ပိုချမ်းသာ ကြွယ်ဝဖို့၊ ပညာပိုရှိဖို့၊ အာဏာပိုရှိဖို့ကိုပဲ လုံးပန်းနေကြပြီး ပတ်ဝန်းကျင်ကို ပေယျာလကန် လုပ်ထားကြတယ်။ ကျွန်တော် ပြောတဲ့ နိမိတ်ပုံဆိုတာ တခြားဟုတ်ရိုးလား။ ဖန်လုံအိမ် အာနိသင် (Greenhouse Effect) ကို ပြောတာပါ။
ဖန်လုံအိမ် အာနိသင် ဆိုတာ မကောင်းမှန်းတော့ အားလုံးပဲ နားလည် လက်ခံကြသပေါ့။ ဒါပေမယ့် ပြဿနာက ပုံပြင်ထဲက သရက်ပင် စိုက်တဲ့ အဘိုးအိုရဲ့စိတ်လိုမျိုး မထားနိုင်ကြတာပဲ။ ခင်ဗျားတို့၊ ကျွန်တော် တို့ရဲ့စိတ်ထဲမှာ ဒီကိစ္စကိုဖြေရှင်းဖို့က ငါနဲ့မဆိုင်သေးဘူး (ငါ့နိုင်ငံနဲ့ မဆိုင်သေးဘူး) ငါတစ်ယောက်တည်းက လုပ်နေလည်းအပိုပဲ (ငါ့တို့နိုင်ငံတစ်ခုတည်းက လုပ်နေလည်းအပိုပဲ) ဆိုတဲ့ တာဝန်မဲ့တဲ့စိတ် ကိန်းအောင်း နေကြတာ။ တာဝန်မမဲ့ချင် ကြသော်ငြားလည်း မသောက်လို့ မဖြစ်တော့ မိုးခါးရေပဲ လိုက်သောက် နေကြတာ။ နီးရာဓါး ကြောက်တဲ့ သဘောလည်း ပါမလားပဲ။ ဘာပဲပြောပြောဗျာ ဒါအမှန်တရား ပဲ။ မယုံရင် ကမ္ဘာ့နိုင်ငံအများစု အစိုးရတွေရဲ့ လက်ရှိနိုင်ငံရေး၊ စီးပွားရေး လမ်းစဉ်တွေကို သတိထား ကြည့်လေ။ ကိုယ့် အကျိုးစီးပွား ထိခိုက်မယ့် ကိစ္စမျိုးဆို ယုန်ကလေး နှာစေးနေကြတဲ့ ငနဲတွေ ချည်းပါပဲ။
နောက် ပြဿနာ တစ်ခုက ဒီလို။ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ် လောက်က အမေရိကမှာ ပထဝီ ဘာသာသင်တဲ့ ဆရာတစ်ယောက်ကို ကျောင်းသား တစ်ယောက်က မေးခဲ့ဖူးသတဲ့။ “တောင် အမေရိက တိုက်နဲ့ အာဖရိက တိုက်က တစ်ချိန်က တဆက်တည်း များလား ဆရာ” ဆိုတော့ ဆရာက ရယ်ရယ်မောမော နဲ့ ပြန်ပြော ပါသတဲ့။ “မဟုတ်ရပါဘူး ငါ့လူရာ။ နောက်စရာမရှိ ရှာကြံ နောက်တယ်”တဲ့။ ကျောင်းသား လေးက ကမ္ဘာ့မြေပုံ ပေါ်က တောင်အမေရိက တိုက်ရဲ့ အရှေ့ဘက် ကမ်းရိုးတန်း လိုင်း နဲ့ အာဖရိက တိုက်ရဲ့ အနောက်ဘက် ကမ်းရိုးတန်းလိုင်းကို ကြည့်ပြီး သူစဉ်းစား မိတာကို မေးလိုက်တာ။ ဆရာ့အဖြေကလည်း အဲဒီခေတ်က အသိပညာတွေ အရ ဆိုရင်တော့ အမှန်လို့ပဲ ဆိုရမပေါ့။ ဒါပေမယ့် သိကြတဲ့အတိုင်း အခုခေတ် ကျတော့ ဆရာ့အဖြေက အမှားကြီးဖြစ်နေ ပြီလေ။ (အမှန်က ကမ္ဘာတိုက်ကြီး များဟာ ရွေ့လျားနေ ပါတယ်။ ဒါကြောင့် တောင်အမေရိကနဲ့ အာဖရိကတိုက်ဟာ တချိန်က တဆက်တည်း ဖြစ်ခဲ့ဖူးပါတယ်။)
အဲဒီလို အမှားကို အမှန်ထင်တဲ့ ပြဿနာဟာ အတော်ဆိုးတယ် ပြောရမှာပါ။ မတ်ခ်တွိန်း ပြောသလိုပေါ့။ “ဘာမှမသိတာက ပြဿနာ မဟုတ်။ မှားတာကြီးကို မှန်တယ်ထင်နေတာက ပြဿနာ” ဆိုတာလေ။ ဖန်လုံအိမ် အာနိသင်နဲ့ ပက်သက်လို့လည်း ခင်ဗျားတို့၊ ကျွန်တော်တို့ အရိုးစွဲနေတဲ့ အမှားအကြီးကြီး တစ်ခု ရှိတယ်။ “ကမ္ဘာလုံးကြီးကိစ္စက ငါနဲ့ အဝေးကြီးပါ။ ဒီလောက်ကြီးတဲ့၊ သယံဇာတတွေ တထောကြီးနဲ့ ကမ္ဘာလုံးကြီးဟာ ဘယ်လိုနည်းနဲ့မှ ပျက်စီးဖို့ မဖြစ်နိုင်ဘူး။ သူ့ဟာသူ ပြန်ကောင်းလာမှာပဲ” ဆိုတဲ့ အတွေးပေါ့။ ဟိုပထဝီဆရာပြောတဲ့ “မဟုတ်ရပါဘူး ငါ့လူရာ” ဆိုတဲ့စကားလို ကျွန်တော်တို့ ငယ်ငယ် ကတော့ ဒီထင်လုံးဟာမှန်ချင်မှန်ခဲ့မှာပေါ့။ ဆရာသမားတို့ရေ စာလုံးမည်းကြီးနဲ့ ဘောင်ခတ်ရေးပြီး ပြောစမ်း ပါရစေ “အခုခေတ် နည်းပညာအရ ဒီထင်မြင်ချက်ကြီးဟာ တက်တက် စင်အောင်ကို လွဲနေပါတယ် ခင်ဗျာ”။

ကိုယ့်ဆရာတို့ မေ့နေမှာစိုးလို့ပါ။ ကမ္ဘာလုံးကြီးက ကြီးပေမယ် သူ့ကို လွှမ်းခြုံထားတဲ့ လေထု (atmosphere) ဆိုတာကတော့ပါးပါးကလေးခင်ဗျ။ဆရာဦးတင့်ဆွေရဲ့အထူအပါး ဆောင်းပါးထဲက ကျောက်ကပ် ရေစစ် ကလေး (Bowman’s Capsule) အတိုင်း ပါပဲ။ ပြီးတော့ လေထုဆိုတာ သက်ရှိ ဂေဟစနစ် (Ecosystem) ရဲ့ အရေးအပါဆုံး အရာလေ။ ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက်၊ လေအသက် လက်ဖျစ်တစ် တွက် မဟုတ်ပါလား။ ဖန်လုံအိမ် အာနိသင်ဆိုတာ အမှန်စင်စစ် လေထုကို လူတွေ ဖျက်ဆီးလိုက်လို့ ဖြစ်လာ တာပါ။
ဖန်လုံအိမ် အာနိသင်ရဲ့ အခြေခံဖြစ်စဉ်လေးကို သဘောလောက် ပြောရရင် နေကလာတဲ့ အလင်းတန်း တချို့ကို ကမ္ဘာမြေကြီး (Earth) က စုပ်ယူတယ်။ အဲဒီက ရတဲ့အပူနဲ့ ကမ္ဘာကို ပူနွေးစေတယ်။ (ဒါပေမယ့် သွေးနွေး သတ္တဝါတွေ အတွက်တော့ အရမ်း အေးနေ သေးတယ်ဗျ။) ကျန်တဲ့ အလင်းတန်း တချို့ကိုတော့ အနီအောက် ရောင်ခြည် အနေနဲ့ အာကာသထဲကို ပြန်ကန်ထုတ်တယ်။ တခါ အဲဒီ ပြန်ကန်ထုတ်တဲ့ အနီအောက် ရောင်ခြည်ထဲကမှ တချို့ကို ကမ္ဘာ့လေထု (Atmosphere) က ပြန် စုပ်ယူတယ်။ လေထုကလည်း အဲဒီလိုမျိုး သူ့နည်းသူ့ဟန်နဲ့ ကမ္ဘာကို ပူနွေးအောင် လုပ်ပေးပြန်တယ်။ (အဲ… အခုမှ သတ္တဝါတွေ အတွက် နေလို့ထိုင်လို့ရတဲ့ အပူချိန်ကို ရလာတာ။) ဒါပေမယ့် လူတွေရဲ့ ပယောဂနဲ့ ဖန်လုံအိမ် ဓါတ်ငွေ့ (Green House Gases) တွေ များလာတဲ့ အချိန်မှာတော့ ကမ္ဘာမြေကြီးက ပြန် ကန်ထုတ်တဲ့ အနီအောက် ရောင်ခြည် ဓါတ်ငွေ့တွေ အားလုံးလိုလိုဟာ ထူထဲလာတဲ့ လေထုထဲမှာပဲ ပိတ်မိသွားပြီး ဖန်လုံအိမ် အာနိသင် ဆိုတာ ဖြစ်လာ ပါလေရော။ အဲဒီ ဖန်လုံအိမ် အာနိသင်ရဲ့ အကျိုးဆက် တွေကကော ဘာတွေလဲ။
![]() |
| ပုံ-၁ ဒုတိယထောင်စုနှစ်တွင် ပြောင်းလဲခဲ့သော အပူချိန် |
သုတေသန လုပ်ထားကြတဲ့ အချက်အလက်တွေ ကြည့်ပြီးရင် ကိုယ့်ဆရာတို့ အားလုံးပဲ မယုံနိုင် လာက်အောင် ဖြစ်သွားကြမယ် ထင်တာပဲ။ ပုံ-၁ ဟာ လွန်ခဲ့တဲ့နှစ်တစ်ထောင် (၁၀၀၀-၂၀၀၀) အတွင်း မြောက် ကမ္ဘာခြမ်းက ရေခဲတောင်တွေ ဆီက အပူချိန်ဇယားပါ။ တိုင်းပုံ တိုင်းနည်းတွေ ပေါ်မှုတည်ပြီး အနီ၊ အပြာ စတဲ့ အရောင်တွေနှင့် ခွဲခြား ပြထား ပါတယ်။ အရေးကြီး တဲ့ အချက်က အခုကျွန်တော်တို့ ခေတ်မှာ ရောက်နေတဲ့ အပူချိန် ဟာ လွန်ခဲ့တဲ့ နှစ်တစ်ထောင် အတွင်း အပူခဲ့ဆုံး အချိန်တွေ ထက်ကို ပိုပူလာနေတာ ပါပဲ။ နောက်တစ်ပုံ ပုံ-၂ က လေထုထဲက ကာဗွန်ဒိုင် အောက်ဆိုဒ် ပါဝင်မှု နှုန်းဟာ လေထု အပူချိန်နဲ့ တိုက်ရိုက် အချိုးကျနေတယ် ဆိုတဲ့အချက်ကို အခြေခံလို့ ဆွဲထားတဲ့ဇယားပါ။ အန္တာတိက ရေခဲတောင်တွေ သမိုင်းကို အခြေခံတဲ့ နှစ်ပေါင်း ၆၅၀,၀၀၀ အတွက် အဲဒီဇယားမှာ အပြာက ကာဗွန်ဒိုင် အောက်ဆိုဒ်၊ အနီက လေထုအပူချိန်၊ အောက်က အဝါမှတ်လေးက လက်ရှိ အချိန် ကာလ လေထုမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်နှုန်းပမာဏပါ။ အပေါ်ကအဝါမှတ်က အခုနှုန်းနဲ့ပဲ သဘာဝ အရင်းအမြစ်ကို မဆင်မခြင် သုံးစွဲနေမယ် ဆိုရင် နောင်နှစ်ပေါင်း ငါးဆယ်အကြာ ဖြစ်လာနိုင်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ပါဝင် မှုနှုန်း ပါတဲ့။
နောင်နှစ်ပေါင်း ငါးဆယ်အကြာ ဖြစ်နိုင်တဲ့ လေထု အပူချိန် အနီလိုင်းကို ဆွဲမထားပေမယ့် အပြာလိုင်း အတိုင်းလိုက်ပြီး မှန်းကြည့်လိုက်ရင် အခုလက်ရှိ အပူချိန်ထက် ၂၀ ဒီဂရီ ဆဲစီးယပ်စ် လောက် ပိုပူလာဖို့ရှိ ပါတယ်။ လက်ရှိခင်ဗျား အခန်းထဲက အပူချိန်က ၃၀ ဒီဂရီ ဆဲစီးယပ်စ် ဆိုရင် နောင် အနှစ်ငါးဆယ်မှာ ဖြစ်လာနိုင်တာက အနည်းဆုံး (အနည်းဆုံးနော်) ၅၀ ဒီဂရီ ဆဲစီးယပ်စ် ဆိုပါတော့။ (လူသားတွေ အတွက် နေလို့ထိုင်လို့ ကောင်းတဲ့ အပူချိန်က (၂၀)နဲ့ (၃၀)ကြား ပါ။)
ဒီ ဇယားကွက် တွေထက် ပိုစိတ်ဝင်စားဖို့ ကောင်းတာက လက်ရှိ ခင်ဗျားတို့၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်နေတာ တွေပါ။ ဝင်ရိုးစွန်းက ရေခဲတွေ အရည်ပျော် နေပါတယ်။ ရေခဲတောင် တွေ နေ့စဉ် ပြိုကျ နေပါတယ်။ အခြား နေရာများက တောင်တန်း တောင်ထိပ် တွေမှာလည်း ရေခဲတွေ အရည်ပျော် နေပါတယ်။ ကိုယ်နဲ့ ဆိုင်တဲ့ ကိစ္စကို ပြောရင်တော့ ဟိမဝန္တာ တောင်တန်းတွေ ပေါ်က ရေခဲတွေ အရည်ပျော် နေတဲ့ ကိစ္စပေါ့။ ဆရာသမားများ မသိရင် ဖောက် သည် ချဦးမယ်။ မြန်မာနိုင်ငံ အပါအဝင် တရုတ်၊ အိန္ဒိယစတဲ့ ကမ္ဘာ့ လူဦးရေရဲ့ ၄၀% ဟာ သောက်သုံးရေ အတွက် ဟိမဝန္တာ တောင်တန်းတွေက မြစ်ဖျားခံတဲ့ မြစ်ချောင်း များကို အားထားနေရပါသဗျ။ (တခြား သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးကိစ္စတွေကို ခဏထားလိုက်ဗျာ) ဆရာစန္ဒြ တို့ ဆရာရန်ကြီးအောင်တို့ ဗေဒင် သွားမေးမနေနဲ့ … ပင်ပန်းလို့။ ဒီအပူချိန် မြင့်တက်မှုနှုန်း အတိုင်းသာ ဆက်ဖြစ်နေခဲ့မယ်ဆိုရင် နောင်အနှစ် ငါးဆယ်အတွင်းမှာပဲ ဒီဧရိယာမှာနေတဲ့ ကမ္ဘာ့ လူဦးရေရဲ့ ၄၀% ဟာ သောက်ရေ ရှားပါးမှုပြဿနာနဲ့ မုချမသွေ ရင်ဆိုင်ရမှာပါ။

| ပုံ-၂ ကမ္ဘာ့လေထု CO2 နှင့် ကမ္ဘာ့အပူချိန် ဆက်စပ်မှု |

| ပြုန်းတီးကုန်ပြီဖြစ်သော ကမ္ဘာ့ သစ်တောများ |
နောက်တစ်ခုက သစ်ပင် သစ်တောတွေ မတန်တဆ ပြုန်းတီး နေတာ။ ပြီးခဲ့တဲ့ ၁၉၉၀-၂၀၀၅ ကာလ ၁၅ ခုနှစ် အတွင်းမှာ တင်ပဲ ကမ္ဘာ့သစ်တော ဟက်တာ သန်း ၇၀ လောက် ပြုန်းတီးခဲ့ ပါသတဲ့။ သိတဲ့အတိုင်း သစ်ပင်သစ်တော တွေဟာ ကာဗွန်ဒိုင် အောက်ဆိုဒ် လျော့နည်း စေဖို့ ကူညီ လုပ်ကိုင် ပေးနိုင် ကြသကိုး။ ဘေးကပုံကို ကြည့်ရင် အနီရောင် သန်းနေတဲ့ (မီးလောင်နေတဲ့) တောင်အမေရိကနဲ့ အာဖရိကမှာ သစ်တော ပြန်းတီးမှု အများဆုံး ဆိုတာ တွေ့နိုင် ပါတယ်။ အာရှမှာ ဆိုရင်တော့ ကျွန်တော်တို့ ခင်ဗျားတို့က ရှေ့တန်းတစ်နေရာ ကပေါ့ ခင်ဗျာ။
အစကတော့ ကျွန်တော်လည်း ဒီအချက်အလက်တွေကို သိပ်မယုံဘူး။ သုတေသီတွေ အာချောင် နေကြတာ များလားလို့ သံသယ ရှိမိသပေါ့။ ဒါပေမယ့် မဟုတ်ဘူး ရယ်ဗျ။ ရာသီဥတုတွေ ဖောက်ပြန် ပျက်စီး နေတာက မျက်မြင် ကိုယ်တွေ့ ပဲလေ။ ၂၀၀၃ က လူ ၅၀,၀၀၀ လောက် ဆုံးပါးခဲ့ရတဲ့ ဥရောပ အပူလှိုင်းဖြတ်မှု ဒဏ်ရာ ဒဏ်ချက် တွေ၊ အဲဒီနှစ်ကပဲ အိန္ဒိယ အလယ်ပိုင်းမှာ ၅၀ ဒီဂရီ ဆဲစီးယပ်စ် အထိအပူချိန် တက်ခဲ့လို့ လူ ၁၄၀၀ လောက် အသက် ဆုံးရှုံးခဲ့ရတာတွေ တွေ့နေရတာကိုး။ ပင်လယ်ရေ အပူချိန်ပါ မြင့်တက် လာတော့ မုန်တိုင်းတွေ ဆိုတာလည်း ဟောတစ်လုံး၊ ဟောတစ်လုံးပဲ။ ပြီးခဲ့တဲ့ ၂၀၁၀ စက်တင်ဘာ တစ်လ ထဲတင် အရှေ့ အာရှ တဝိုက် လေးမှာပဲ မုန်တိုင်း ငါးလုံးလောက် ဆက်တိုက် ဆော်သွားတာသာ ကြည့်တော့။ နောက် လူ့အသက်ပေါင်း တစ်သိန်းကျော် အချည်းနှီး ဆုံးပါးသွားခဲ့ရတဲ့ ဘင်္ဂလား ပင်လယ်အော်က နာဂစ်။ ကျွန်တော်တို့ အဘိုးအဘေး တွေတောင် သူတို့တစ်သက် မုန်တိုင်းဆိုတာ ကြုံဖူးခဲ့ ကြတာ မဟုတ်ဘူး။ အနှစ် ခြောက်ဆယ် အတွင်းမှာတော့ ဒါဟာ ပထမဆုံး ပါပဲတဲ့။

| ပုံ-၃ ဆွစ်ဇာလန် နှင့် ဥရောပတိုက် ရေလျှံမှတ်တမ်း |
အဲဒီလိုမျိုးပဲ ဘယ်လိုနည်းနဲ့မှ မုန်တိုင်း ဖြစ်မလာနိုင်ဘူး ဆိုတဲ့ တောင် အတ္တလန်တိတ် သမုဒ္ဒရာ ထဲမှာလည်း ၂၀၀၄ ခုနှစ်က ဟာရီကိန်း တစ်လုံး တိုက်ခဲ့တာပဲ။ ကျွန်တော်တို့ စာထဲမှာ သင်ထားကြ ရတာက မုန်တိုင်းဆိုတာ အီကွေတာ နဲ့ နီးတဲ့ လတ္တီတွဒ် အနိမ့်ပိုင်း မှာပဲ အစပြုတာတဲ့။ အခု အချိန်မှာတော့ စချင်တဲ့နေရာက စလို့၊ သွားချင်သလို သွားပြီး ဘယ်လိုမှ ခန့်မှန်းလို့ မရတော့ဘူး။ သီအိုရီတွေ ပြင်ရတော့မယ် အချိန် ကိုရောက်နေပြီလို့ပဲ ပြောရ တော့မယ်။ ကမ္ဘာ့မိုးလေဝသနဲ့ ရာသီဥတု အကြောင်း ပြန်လည် ပြင်ဆင် ရေးသား ထားတဲ့ စာအုပ်စာတမ်း အသစ်တွေပါ လိုလာပြီ ဆိုပါတော့။
မိုးမရွာရမယ့် နေရာတွေက မိုးအရမ်းရွာနေလို့ ရေကြီးတာတွေ (၂၀၀၅ ခုနှစ် ဘုံဘေ (မွန်ဘိုင်း) မှာ စံချိန်တင် မိုးရေချိန် ၃၇ လက်မ ရှိတဲ့ မိုးကြီးရွာလို့ လူ ၁၀၀၀ လောက် အသက်ဆုံးခဲ့ရတာတွေ)၊ တရုတ်ပြည်မှာ မကြာမကြာ ရေကြီးနေတာတွေ၊ မိုးရွာရမယ့် နေရာက မရွာတော့ မိုးခေါင်ရေရှား ဖြစ်တာတွေ (အထင်ရှားဆုံးက ၁၉၅၀-လောက်မှာ ကမ္ဘာ့အကြီးဆုံး ရေကန်တွေထဲ တစ်ခု အပါအဝင် ဖြစ်ခဲ့တဲ့ အာဖရိကတိုက်က ချက်ရေကန် (Lake Chad) ကြီးဟာ အခုအချိန်မှာ လုံးဝ ရေမရှိတော့ဘဲ ချိုင့်ဝှမ်းကြီး ဖြစ်သွားတာမျိုး၊ အင်းလေးကန်ကြီး ရေ ခန်းလာတာမျိုးတွေ လည်း အရမ်းများ လာပါတယ်။ ဆွစ်ဇာလန်က အာမခံကုမ္ပဏီတွေရဲ့ မှတ်တမ်းပုံ (၁၉၇၀-၂၀၀၀) ပုံ-၃ (ဘယ်) ကို ကြည့်လိုက် ပါဦး။ ထောင်လိုက် ဝင်ရိုးက မုန်တိုင်းနဲ့ ရေလျှံတဲ့ အကြိမ် အရေအတွက် ပါတဲ့။ နောက်တစ်ပုံ ပုံ-၃ (ညာ) ကတော့ ဥရောပတိုက် ရေလျှံမှတ်တမ်း ၁၉၅၀-၂၀၀၀ ဆိုပါတော့။ သဘာဝဘေး ဒုက္ခတွေဟာ ဒီ ဆယ်စုနှစ် နှစ်ခု အတွင်းမှာ သိသိသာသာ တိုးလာတာ အထင်အရှားပါပဲ။
ဒါနဲ့ ကျွန်တော် ငယ်ငယ်က စမ်းချောင်း ဘက်မှာ ဒုတိယထပ်က တိုက်ခန်းတစ်ခုမှာ နေခဲ့ဖူးတယ်ဗျ။ အဲဒီအိမ်တုန်းက ခြင်လုံ ဇကာမရှိသလို ခြင်ထောင် ထောင်စရာလည်း မလိုခဲ့ဘူး။ အခု ဆယ်နှစ် အကြာ ဒီလမ်း၊ ဒီမြို့နယ်၊ ဒီနေရာမှာပဲ ငါးထပ်မှာ တက်နေပါတယ်။ ခြင်လုံစ ကာ မတပ်လို့ မရအောင်ကို ခြင်အလွန် တွယ်လို့ တော်တော်စိတ်ညစ်ရတယ်။ ဒါဟာ အပူချိန် မြင့်တက်လာတော့ ပိုးမွှားတွေ အမြင့်ကို ပိုပြီး တက်နိုင်လာတဲ့သဘောပါ။ အီဘိုလာ (Ebola)၊ အေရီနာ (Arena)၊ ဟန်တာ (Hanta)၊ ဆားစ် (SARS) စတဲ့ အမျိုးပေါင်း ၃၀ ကျော်သော ဗိုင်းရပ်စ်အသစ် အသစ်တွေ ဒီအနှစ် ၃၀ လောက် အတွင်း ပေါ်လာတာ ဟာလည်း တိုက်ဆိုင်မှု မဟုတ်ဘူးနော။
လောလောဆယ်မှာ မြောက်ဝင်ရိုးစွန်းက ရေခဲပြင်တွေဟာ အလွန်မြန်တဲ့နှုန်းနဲ့ အရည်ပျော်ကျ နေပါသတဲ့။ အမေရိကန် ရေငုပ် သင်္ဘောများရဲ့ မှတ်တမ်းတွေအရ ဒီနှုန်းနဲ့သာ ဆက်သွားခဲ့ရင် နောင်အနှစ် ငါးဆယ် အတွင်းမှာ လုံးဝ အရည်ပျော်သွားပါမယ်တဲ့။ အကျိုးဆက် အဖြစ်နဲ့ လွန်ခဲ့တဲ့ ရေခဲခေတ် (သက်ရှိ သတ္တဝါ ရယ်လို့ စပြီးဖြစ်လာတဲ့အချိန် ဆိုပါတော့ ခင်ဗျာ) ကစလို့ ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ကိစ္စတွေ ဖြစ်လာ ပါလိမ့်မယ်။ တိုနီဘလဲ (ဗြိတိသျှဝန်ကြီးချုပ်) ရဲ့ သိပ္ပံရေးရာ အကြံပေး အရာရှိက ပြောတာကတော့ “ဂရင်းလန်ကျွန်း အရည်ပျော် သွားရင်တော့ဗျာ ကမ္ဘာ့မြေပုံကို ပြင်ဆွဲကြဖို့ပဲ ရှိတော့တယ်တဲ့”။ ရေလျှံနေတဲ့ ရှန်ဟိုင်း ဧရိယာမှာ လူဦးရေသန်း ၄၀ လောက်၊ ကာလက္ကတ္တား ဧရိယာက သန်း ၆၀ လောက် လက်ရှိ နေနေ ကြတယ်။ နယူးရော့ခ်မှာဆိုရင် မန်ဟတ်တန် (Manhattan) ဧရိယာ တစ်ခု လုံး ရေအောက် ရောက်သွားပြီး ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာက ကျွန်းလေးတွေ ပျောက်သွား ပါလိမ့်မယ်။ (အခုတောင်မှ ရေမြုပ်သွားတဲ့ တချို့ကျွန်းတွေက ကျွန်းသားတွေကို နယူးဇီလန်မှာ ကယ်ထား ရတာပဲ) ပင်လယ်ရေ တက်လာနိုင်တဲ့ အမြင့်က အနည်းဆုံး ပေ ၂၀ လောက် ဆိုတော့ မြန်မာပြည် အတွက် ဆိုရင် ရန်ကုန်နဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကြီး တစ်ခုလုံးလည်း မလွတ်နိုင် ပါဘူး။
ကဲ.. ဒီတော့ ကျွန်တော်တို့ (၇) ဘီလျံသော ကမ္ဘာသူ၊ ကမ္ဘာသားများ ဘာတွေ လုပ်ကြပါမလဲ။ ကျွန်တော်တို့ ကလေးတွေ၊ သားသမီး မြေးမြစ်တွေအတွက် ပျက်စီးနေတဲ့ သုံးမရတဲ့ ကမ္ဘာကြီး ထားခဲ့ကြမှာလား။ ဘာတဲ့ ကြားနေကျ စကား ..ဘယ်သူတေတေ ငတေမာရင် ပြီးရော သဘောထား ကြမှာလား။ အဖြေကော ရှိပါသေး ရဲ့လား။ “နည်းလမ်းလည်း ရှိပါတယ်.. အချိန်လည်း မီပါ သေးတယ်… တကယ် လုပ်ကြဖို့သာ လိုနေတာပါ” လို့ ဆိုရမှာပါ။
![]() |
| ပုံ-၄ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရန် နည်းလမ်းများ |
ဖန်လုံအိမ်အာနိသင်လျော့အောင်၊ လုံးဝပျောက်သွားအောင် ဆိုတာ ကာဗွန်ထုတ်လွတ်နေမှု (CO2 Emission) ကို လျှော့ချဖို့ ပါပဲ။ ကာဗွန် ထုတ်လွှတ် နေမှု ကျသွားရင် အနီ အောက် ရောင်ခြည်တွေ ကမ္ဘာ့လေထု ထဲမှာ ပိတ်မိ နေတာမျိုး လျော့နည်း သွားမယ်။ အပူလျော့ လာလေလေ ရေခဲပြင်တွေ ပြန်လည် အေးခဲ လာလေလေ ဖြစ်တဲ့အတွက် ကမ္ဘာကြီးရဲ့ နေရောင်ခြည် ကို ရောင်ပြန် တွန်းကန် နိုင်တဲ့အား ပိုကောင်း လာပါလိမ့် မယ်။ နောက်တစ်ခုက သစ်တော ပြုန်းတီးတာတွေ နည်းနိုင်သမျှ နည်းအောင် လုပ်ဖို့ပါ။ သစ်ပင် များလေ လေထုထဲက ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့ ပါဝင်မှု နည်းလေ ပါပဲ။
ပုံ-၄ မှာ ကာဗွန် ထုတ်လွှတ် နေမှု လျှော့ချရမယ့် နည်းလမ်း များကို တွေ့နိုင်ပါတယ်။ ဗဟုသုတ အနေနဲ့ ထည့်ထား တာပါ။ အဖွဲ့အစည်းများ၊ အစိုးရမင်းများ၊ စီးပွားရေး လူမှုရေး မူဝါဒရေးရာ တာဝန်ရှိသူများ၊ ကုန်ထုတ် လုပ်ငန်း များနဲ့သာ ပိုသက်ဆိုင် ပါလိမ့်မယ်။ လက်တွေ့ကျကျ ကမ္ဘာကြီးကို ပြန် ကျန်းမာရေး ကောင်းအောင် ကူညီနိုင်တဲ့ နည်းတွေ ကတော့ အောက်မှာ ရေးထားတယ်။ ကွင်းစကွင်းပိတ် ထဲက စာတွေကတော့ ကျွန်တော့် အိမ်က ညီတော်မောင်ရဲ့ မှတ်ချက်တွေပေါ့။
စွမ်းအင်ကို ချွေတာသုံးပါ။ (ဂွတ်ဒ်… မလိုအပ်ဘဲ အလုပ်လုပ်ဖို့ မကြိုးစားပါနဲ့)။ မလိုအပ်ဘဲ လျှပ်စစ်မီး မသုံးပါနဲ့ (ဖယောင်းတိုင် သုံးနေကျ ကိုယ်တွေကတော့ အတော်ပဲ)။ လမ်းလျှောက်၊ စက်ဘီးစီး သွားလို့ရရင် ကားမသုံးပါနဲ့ (ကားမှ မရှိတာဗျ။ ဒါလဲ ပြဿနာ မရှိလောက်ဘူးရယ်)။ ဖြစ်နိုင်ရင် ရထားတွေ၊ ဘတ်စ် တွေကို စီးပါ (ဘယ်လို ပြောရမလဲ ပေါ့နော်… ကံကောင်းရင် ဇာတ်လမ်း ကလေး များတောင် ဖြစ်သွားနိုင် ပါ၏)။ တတ်နိုင်သလောက် အဲယားကွန်း အသုံးလျှော့ပါ (အာ.. လာနောက်နေတယ်)။ ဖြစ်နိုင်ရင် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေတဲ့ အမျိုးအစား ရွေးသုံးပါ (ယပ်တောင်သုံးတယ်၊ ပဲကြီးလှော် မကြိုက်ဘူး..)။ တခါသုံး ဓါတ်ခဲတွေ ဘက်ထရီတွေ အစား ပြန်အားသွင်းလို့ ရတာတွေ သုံးပါ။ (အင်… မိန်းမမြန်မြန်ယူဖို့ ပြောတာလား? တရုတ်ပြည်က လာတာတွေက တူတူပဲလေ၊ တစ်ခါသုံးလည်း ဒါပဲ၊ ရီချားချေးဘဲလည်း ဒါပဲကို)။ သစ်ပင်များများ စိုက်ပါ။ (စိုက်တယ် စိုက်တယ် အိမ်ရှေ့ ဝရန်တာမှာ အများကြီးပဲ၊ ဟိုနေ့ကပဲ ကြက်သွန်မြိတ် စားချင်လို့ ကြက်သွန်ဥ တစ်လုံးတောင် ပန်းအိုးထဲ ထိုးထည့် ထားသေး)။ တတ်နိုင်ရင် ဆီအသုံးနည်းတဲ့ နည်းပညာမြင့် လျှပ်စစ်ဘက်ထရီကား (Hybrid Car) စီးပါ။ (အဲဒါတော့ မပူနဲ့။ တို့နိုင်ငံမှာက Hybrid Car တွေချည်းပဲရယ်) မိဘများနဲ့ တိုင်ပင်ဆွေးနွေးပါ။ (“ကျွန်တော် တို့ကို သနားပါဦးဗျာ” တို့ “သရက်ပင်စိုက်တဲ့ အဘိုးကို အားကျစမ်းပါ” တို့လား၊ “နင်အပြင် မထွက်ရင် ပတ်ဝန်းကျင် ညစ်ညမ်းမှု တော်တော်သက်သာမယ်” ဆိုပြီး ကိုယ့်အမှု ကိုယ့် ပြန်ပတ်နေဦးမယ်)။ ။
မှတ်ချက်။ ။ လွှတ်တော် အမတ်မင်း အယ်လ်ဂိုးလ် (Congress Man Al Gore) ဧ။် Inconvenient Truth (2006) ရုပ်ရှင်ကားကို မှီးငြမ်းရေးသား ပါသည်။ အချက်အလက်၊ ဓါတ်ပုံ၊ ဇယားများအားလုံး သည်လည်း ထိုရုပ်ရှင်ထဲမှ ဖြစ်ပါသည်။ (All the pictures and tables in this article were captured from the movie “Inconvenient Truth-2006” and are used for educational purpose.)
အားလုံးပဲ အဆင်ပြေကြပါစေ။ ။
sirius
add: picture credit: pondaung valley
Friday, July 15, 2011
ရေကြောင်းစာအုပ်စာတန်းများ- အပိုင်း ၃၁
Credit: ဒုတိယအရာရှိ စိုးညွန့်ဦး နှင့် တတိယ အရာရှိ (အလုပ်သင်) ကျော်မြတ်ထွန်း တို့အား အထူး ကျေးဇူး တင်ပါသည်။
ဒီတစ်ခေါက် အရေးကြီးတာတွေ ပိုပါလာတယ်။ အပေါ်က အရာရှိ နှစ်ယောက်ရဲ့ အားထုတ် ကူညီမှုကြောင့် အားလုံးကို ဒီလိုမျိုး ဖြန့်ဝေပေး နိုင်တာပါ။ လုပ်နိုင် သလောက် လုပ်လို့ ရတဲ့ အချိန်၊ လုပ်လို့ ကောင်းသေးတဲ့ အချိန် အထိ လုပ်ပေးသွား ပါမယ်။
၁) ဘဲလက်စ် ဝါးတား မန်းနေခ်ျမန့်

(ရေကြောင်းလောက ဘေးကင်း လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု စံနှုန်းများ - ၂၀၁၀ အိုင်အမ်အို)
၎) အက်စ်တီစီဒဘလျူ နိုင်တီးဖိုက်
(ရေကြောင်း ဝန်ထမ်းများ လေ့ကျင့်၊ အကဲဖြတ်၊ အောင်လက်မှတ် ထုတ်ပေးရေး ဆိုင်ရာ စံနှုန်းများ ၁၉၉၅ ခုနှစ် ပဋ္ဋိညာဉ် - ၂၀၀၁ အိုင်အမ်အို)
*** All publications herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. For other publications, pls go through publications.***

Thursday, July 14, 2011
ရေကြောင်းစာအုပ်စာတန်းများ -အပိုင်း ၃၀
Credit: ဒုတိယအရာရှိ စိုးညွန့်ဦး နှင့် တတိယ အရာရှိ (အလုပ်သင်) ကျော်မြတ်ထွန်း တို့အား အထူး ကျေးဇူး တင်ပါသည်။
အားလုံးပဲ အဆင်ပြေကြပါစေ။
၁) အမ်ဆာ အပိုင်း(၃)
(လေကြောင်းနှင့် ရေကြောင်း ရှာဖွေကယ်ဆယ်ရေး လက်စွဲ - ၂၀၁၀ အိုင်အမ်အို )
၂) ရှစ် အော်ပရိတ်တင်း အင် ပိုလာဝါတား
(ဝင်ရိုးစွန်းသွား သင်္ဘောများ အတွက် လမ်းညွှန်ချက် - ၂၀၁၀ အိုင်အမ်အို)
၃) တန်နေ့ခ်ျ မက်ရှားမန့် အော့ဖ် ရှစ်
(သင်္ဘောများ တန်ချိန် တိုင်းတာခြင်း - ၁၉၆၉ အိုင်အမ်အို)
၎) ဆာ့ခ်ျ အင် ရက်စကျု ကွန်ဗင်းရှင်း
(ရေကြောင်း ရှာဖွေ ကယ်ဆယ်ရေး ပဋ္ဋိညာဉ် - ၂၀၀၆ အိုင်အမ်အို)
*** All publications herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. For other publications, pls go through publications.***
အားလုံးပဲ အဆင်ပြေကြပါစေ။
၁) အမ်ဆာ အပိုင်း(၃)
(လေကြောင်းနှင့် ရေကြောင်း ရှာဖွေကယ်ဆယ်ရေး လက်စွဲ - ၂၀၁၀ အိုင်အမ်အို )
၂) ရှစ် အော်ပရိတ်တင်း အင် ပိုလာဝါတား
(ဝင်ရိုးစွန်းသွား သင်္ဘောများ အတွက် လမ်းညွှန်ချက် - ၂၀၁၀ အိုင်အမ်အို)
၃) တန်နေ့ခ်ျ မက်ရှားမန့် အော့ဖ် ရှစ်
(သင်္ဘောများ တန်ချိန် တိုင်းတာခြင်း - ၁၉၆၉ အိုင်အမ်အို)
၎) ဆာ့ခ်ျ အင် ရက်စကျု ကွန်ဗင်းရှင်း
(ရေကြောင်း ရှာဖွေ ကယ်ဆယ်ရေး ပဋ္ဋိညာဉ် - ၂၀၀၆ အိုင်အမ်အို)
*** All publications herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. For other publications, pls go through publications.***
Subscribe to:
Posts (Atom)